မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) က စီစဉ်သည့် “အသက်မွေး ဝမ်းကျောင်းပညာ ပန်းရံ အုတ်စီ အခြေခံ သင်တန်း အပတ်စဉ် (၁)” အောင်မြင်စွာ ပြီးမြောက်ခြင်း နှင့်အတူ သင်တန်းသား/သူ (၂၀) ဦးထံ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခြင်းကို (၂၀၂၅) ခုနှစ်၊ ဩဂုတ်လ (၂၇) ရက် ညနေပိုင်း၌ ဆောင်ရွက်ခဲ့ပါသည်။
ယခု သင်တန်း အစီအစဥ်များကို MBE အသင်း၏ Earthquake Assistance Program တစ်ရပ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ၌ သင်တန်း အပတ်စဥ် တစ်ခုလျှင် လူဦးရေ (၂၀) ဦးနှုန်းဖြင့် ငလျင်ဒဏ်သင့် အိမ်ရာနေ – အသက် (18) နှစ်မှ (50) နှစ်အတွင်းရှိ ကျား/မ မရွေး၊ လူမျိုးဘာသာမရွေး၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ အမှန်တကယ် ဝင်ရောက်မည့် သင်တန်းသား/ သူ များကို THS (Mdy) နှင့် NSSA Assessor သင်တန်း ဆရာ/ဆရာမ များက စာတွေ့/ လက်တွေ့ သင်ကြား ပြသ ပေးမည် ဖြစ်ပါသည်။
















