မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ၏ (၂၀၂၅-၂၀၂၇) သက်တမ်း အသင်း စီမံခန့်ခွဲမှုအဖွဲ့ (ဗဟို အလုပ်အမှုဆောင်အဖွဲ့) ရာထူးတာဝန်များ ရွေးချယ် တင်မြှောက်ပွဲ အခမ်းအနားကို ယနေ့ (၁၈-၁၀-၂၀၂၅) ရက်နေ့၊ မွန်းလွဲပိုင်းက ရန်ကုန်မြို့တွင် Hybrid (In Person & Online) စနစ်ဖြင့် ကျင်းပခဲ့ရာ MBE အသင်း (၂၀၂၅-၂၀၂၇) သက်တမ်း အလုပ်အမှုဆောင် ရွေးချယ် တင်မြှောက်ရေးကော်မရှင် အဖွဲ့ဝင်များ၊ (၂၀၂၅-၂၀၂၇) သက်တမ်း တာဝန်ထမ်းဆောင်ကြမည့် အလုပ်အမှုဆောင် (၄၁) ဦး၊ အသင်းရုံးအဖွဲ့ ဝန်ထမ်းများ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား၌ (၂၀၂၅-၂၀၂၇) သက်တမ်း တာဝန် ထမ်းဆောင်ကြမည့် အလုပ်အမှုဆောင် (၄၁) ဦးက (၂၀၂၅-၂၀၂၇) သက်တမ်း MBE အသင်း စီမံခန့်ခွဲမှုအဖွဲ့ (ဗဟို အလုပ်အမှုဆောင်အဖွဲ့) အဖွဲ့ဝင် (၁၃) ဦးကို အောက်ပါအတိုင်း ရွေးချယ် တင်မြှောက်ခဲ့ကြပါသည်။
(က) ဥက္ကဋ္ဌ – ဦးမင်းဦး
(ခ) ဒုတိယဥက္ကဋ္ဌ (၁) – ဦးဇော်မင်းသန့်
(ဂ) ဒုတိယဥက္ကဋ္ဌ (၂) – ဒေါ်မင်းမင်းမဉ္ဇူ
(ဃ) အထွေထွေအတွင်းရေးမှူး – ဦးသိန်းဦး
(င) တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) – ဒေါ်ခင်သက်ခိုင်
(စ) တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) – ဒေါ်မေသူကျော်
(ဆ) တွဲဖက်အထွေထွေအတွင်းရေးမှူး (၃) – ဒေါ်မိုးသန္တာဝင်း
(ဇ) တွဲဖက်အထွေထွေအတွင်းရေးမှူး (၄) – ဦးတင်ထွန်းဦး
(ဈ) တွဲဖက်အထွေထွေအတွင်းရေးမှူး (၅) – ဒေါ်ဝင်းကလျာဦး
(ည) ဘဏ္ဍာရေးမှူး – ဦးအဲလက်စ်ညီညီအောင်
(ဋ) စာရင်းစစ် – ဒေါ်တင်တင်ညို
(ဌ) တွဲဖက်ဘဏ္ဍာရေးမှူး – မိမေအေးအေးသန့်
(ဍ) တွဲဖက်စာရင်းစစ် – Dr. ယုယုမြင့်
MBE အသင်းအနေဖြင့် (၂၀၂၅-၂၀၂၇) သက်တမ်း လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်း၊ ကျန်ရှိသည့် အလုပ်အမှုဆောင် (၂၈) ဦးကို လုပ်ငန်းကော်မတီ ရာထူး တာဝန်များ အသီးသီး ရွေးချယ် အပ်နှင်းခြင်းတို့ကို ဆက်လက် ဆောင်ရွက်ပြီး MBE အသင်း (၂၀၂၅-၂၀၂၇) သက်တမ်း အလုပ်အမှုဆောင်အဖွဲ့ အနေဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ မှစတင်၍ တာဝန်ထမ်းဆောင်သွားမည် ဖြစ်ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။










