မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) နှင့် မိတ်ဖက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာ့ခရီးသွားဘဏ် (MTB Bank) တို့အကြား ပူးပေါင်း ဆောင်ရွက်သည့် မိုးရာသီသစ်ပင် စိုက်ပျိုးခြင်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မဟာဝိဟာရ ကျောင်းတိုက်ဝင်းအတွင်း၌ ပြုလုပ်ခဲ့ကြပြီး မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ဥက္ကဋ္ဌ ဦးမင်းဦး ဦးဆောင်သည့် MBE အလုပ်အမှုဆောင်များ၊ အသင်းဝင်များ၊ မြန်မာ့ခရီးသွားဘဏ် (MTB Bank) CEO ဦးဝင်းလွင် ဦဆောင်သည့် ဘဏ်စီမံခန့်ခွဲရေး အရာရှိများ၊ အမှုဆောင်အရာရှိများ၊ ဘဏ်ဝန်ထမ်းများ စုံညီစွာ ပါဝင်ခဲ့ကြပြီး အပင် အရေအတွက် (၃၅၀) ကို စုပေါင်း စိုက်ပျိုးခဲ့ကြပါသည်။
ယင်းနောက် မဟာဝိဟာရ ကျောင်းတိုက် ရှိ သံဃာတော်များအား နေ့ဆွမ်း လောင်းလှူမှု ကုသိုလ်ထူးကို အတူတကွ ပါဝင် ဆောင်ရွက်ခဲ့ကြပြီး MBE အသင်း နှင့် MTB Bank အဖွဲ့အစည်းနှစ်ခုအကြား နှင့် ၎င်းအဖွဲ့အစည်းဝင်များအကြား အပြန်အလှန် ရင်းနှီးနွေးထွေးသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
Video ကြည့်ရှုရန် လင့်ခ် – https://www.facebook.com/share/v/17Dq993hJv/