
Home / LEAD / တိုးတက်အောင်မြင်ဒေသတွင်းလုပ်ငန်းရှင်အလုပ်ရုံဆွေးနွေးပွဲ

LEAD Program ၏ တိုးတက်အောင်မြင် ဒေသတွင်းလုပ်ငန်းရှင်ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကိုပုဂံမြို့ The Hotel Umbra Bagan မှာ ၂၅ ရက်၊ နိုဝင်ဘာလ၊ ၂၀၁၇ တွင်ကျင်းပပြုလုပ်ခဲပါသည်။

အလုပ်ရုံဆွေးနွေပွဲတွင် ပထမပိုင်းအနေဖြင့် ဆရာမကြီးဒေါက်တာဒေါ်နုနုယဉ် (ပါမောက္ခ/ဌာနမှူး(ငြိမ်း) စီမံခန့်ခွဲမှုပညာဌာန ) က One Village One Product ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါက်တာဒေါ်ခင်မာရီ (ပါမောက္ခ/ဌာနမှူး၊ ဥပဒေပညာဌာန၊ ရန်ကုန်တက္ကသိုလ်) က Operating Business in Myanmar ခေါင်းစဉ်ဖြင့် လည်ကောင်းအသီးသီးဟောပြောဆွေးနွေးပေးခဲ့ကြပြီး ၊ ပရိတ်သတ်များ၏ မေးမြန်းချက်များကိုလည်းဖြေကြားပေးခဲ့ပါသည်။

အစီအစဉ်ဒုတိယပိုင်းအနေဖြင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသောလုပ်ငန်းရှင်များမှ အုပ်စု ၅ စုခွဲပြီးအုပ်စုဆွဲဆွေးနွေးခဲကြပါသည်။
ဆွေးနွေးရာတွင် အုပ်စု (၁) မှ ဒေသတွင်းစီးပွားရေးလုပ်ဆောင်ရာတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ကြုံတွေ့နေရသည့် အခက်အခဲများကိုအဖြေရှာခြင်းအကြောင်းဖြင့်လည်းကောင်း၊ အုပ်စု (၂) မှ ပုဂံဟူသောထင်ရှားကျော်ကြားသည့် အားသာချက်ကိုရယူဆောင်ရွက် နိုင်သောအသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် စီးပွားရေးအခွင့်အလမ်းများကိုလည်းကောင်း၊
အုပ်စု (၃) မှ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် မိရိုးဖလာလုပ်ငန်းမှ ခေတ်မှီစီးပွားရေးလုပ်ငန်းအသွင်ကူးပြောင်းရန် ပြင်ဆင်သင့်သည့်အချက်များကိုလည်ကောင်း၊
အုပ်စု (၄) မှ စီးပွားရေးဥပဒေများနှင့်အညီဆောင်ရွက်နိုင်ရန် အသေးစားနှင့် အလတ်စားလုပ်ငန်းများအသင့်ပြင်ရန်လိုအပ်သည့် အချက်များကိုလည်းကေင်း၊
အုပ်စု (၅) မှ တာဝန်ယူမှုရှိသောစီးပွားရေးလုပ်ငန်းများဖြစ်လာစေရန်နှင့် အသေးစားနှင့် အလတ်စားနှင့် အလတ်စားလုပ်ငန်းများ ဖြည့်ဆည်းရန်လိုအပ်သည့် အချက်များကိုလည်ကောင်းသက်ဆိုင်ရာ Facilitator များ၏ ဦးဆောင်ဆွေးနွေးမှုများဖြင့် ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးရာမှ တွေ့ရှိလာသည့် တွေ့ရှိချက်များအပေါ် ပြန်လည်ညှိနိုင်းသုံးသပ်အဖြေရှာနိုင်ရန်အတွက် ဒေါ်လင်းလင်းတင်ထွန်းမှ Moderator အဖြစ်ဦးဆောင်ကာအုပ်စုအသီးသီးတို့မှ ကိုယ်စားလှယ်များက Panelists များအဖြစ်ပါဝင်ခဲ့ကြပြီး Panel Discussion ပုံစံဖြင့် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

« of 2 »

တိုးတက်အောင်မြင် ဒေသတွင်းလုပ်ငန်းရှင် အလုပ်ရုံဆွေးနွေးပွဲ နှင့် အတူ LEAD Program တွင်ပါဝင်ကြသော ဒေသတွင်းလုပ်ငန်းရှင်များ၏ ထုတ်ကုန်များကိုပါတစ်ပါတည်းခင်းကျင်းပြသပေးခဲပါတယ်