Certificate in SME Development

Certificate in SME Development (Basic Course)

ဘယ်သူတွေတက်သင့်တဲ့သင်တန်းလဲ?

SME Development Basic Course ဟာ ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ကိုင်နေသူများ နှင့် ကိုယ်ပိုင်လုပ်ငန်းသစ်တစ်ခုကို စတင်ဆောင်ရွက်ကြမယ့်သူများ အတွက် အထူးရည်ရွယ်ဖွင့်လှစ်သည့်သင်တန်းဖြစ်ပါတယ်၊

ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်ရာတွင် မဖြစ်မနေသိရှိထားရမည့် လုပ်ငန်းစီမံခန့်ခွဲမှု၏ အခြေခံမူများ၊ အသေးစားနှင့် အလတ်စား ကိုယ်ပိုင်လုပ်ငန်းများကို စီမံခန့်ခွဲရာတွင် အရေးပါလှသည့် အခြေခံအချက်အလက်များ၊ လုပ်ငန်းစီမံချက် (Business Plan) ရေးဆွဲနည်းများ၊ မိမိလုပ်ငန်းအတွက် လူ့စွမ်းအားအရင်းအမြစ်ကိုထိရောက်စွာစီမံခန့်ခွဲနိုင်ရန်အတွက် သိရှိထားရမည့်အခြေခံမူများ၊ လုပ်ငန်းတစ်ခုအတွက် အရေးအပါလှသည့် ဘဏ္ဍာရေး အစီရင်ခံစာပြုစုရေးဆွဲခြင်းများ စသည့်ဘာသာရပ်များကို စီးပွားရေးလုပ်ငန်းအတွေ့အကြုံများစွာရှိသော ဆရာ၊ဆရာမများက စာတွေ့လက်တွေ့ သင်ကြားပေးမည့် သင်တန်းများဖြစ်တာကြောင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူတွေ နှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်ဖို့စဉ်းစားနေသူတွေ အတွက် လက်မလွတ်သင့်တဲ့သင်တန်းဖြစ်ပါတယ်။

ဘာတွေသင်မှာလဲ?

SME Development Basic Course မှာသင်ကြားမည့်ဘာသာရပ်တွေကတော့

  • Principle of Management
  • SME Management
  • Human Resources Management
  • Financial Reporting

စတဲ့ဘာသာရပ်တွေကို စာတွေ့ လက်တွေ့ပုံစံများဖြင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်

ဘယ်အချိန်တွေသင်မှာလဲ?

ရုံးတက်နေသူများအတွက်ပါ အထူးအဆင်ပြေစေဖို့ရည်ရွယ်ပြီး

သင်တန်းချိန်တွေအားလုံးကို နေ့လည်(၂း၀၀) နာရီမှ ညနေ (၅း၀၀) နာရီ အထိ

အပတ်စဉ် စနေ၊ တနင်္ဂနွေ နေ့များတွင်သာသင်ကြားပေးသွားမှာဖြစ်ပါတယ်

သင်တန်းကြေးကဘယ်လောက်လဲ?

Career Enhancement Program ဆိုတာ Myanmar Business Executive Association (MBE) နှင့် Foundation for INcome generating, EDUcational and COmmunity Developing Projects (INEDUCO), Switzerland တို့ပူးပေါင်းဖွင့်လှစ်တဲ့ KV Zurich Business School, Switzerland အသိအမှတ်ပြု Certificate သင်တန်းများဖြစ်တာကြောင့် သင်တန်းမှတ်ပုံတင်ကြေး (40,000) ကျပ်မှ အပအခြား မည်သည့် အခကြေးငွေမျှ ပေးသွင်းရန် မလိုပဲတက်ရောက်နိုင်တဲ့သင်တန်းများဖြစ်ပါတယ်။

သင်တန်းတက်ရောက်ခွင့်အသေးစိတ်အချက်အလက်များကိုဖော်ပြပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်

Career Enhancement Program