Earthquake Response and Assistance Program

Home / News / Earthquake Response and Assistance Program

Myanmar Business Executives Association (MBE) has continued ongoing Earthquake Response and Assistance Program.
On 31st May 2025, Basic Necessities Household Packs including rice, cooking oil, onions, garlic, chickpeas, salt, fermented fish paste, fried dried fish, fried fish sauce, seasoning powder, purified drinking water, and emergency solar lights were systematically donated through the housing committee, along with a proper registration list, to 200 households residing in the Mingalar Yankin Public Rental Housing, Patheingyi Township, Mandalay Region, which was affected by the Mandalay earthquake.
In addition to the initial earthquake relief assistance provided for the said housing community, MBE has also supported the temporary shelter needs of households displaced from currently uninhabitable buildings with suspended residence permits.
Specifically, two temporary tents, each measuring 80′ x 24′ (with a total estimated value of MMK 20 million), have been donated at the Mingalar Yankin Housing.
……………………………….

မြန်မာစီးပွားစီမံအမှု‌‌ဆောင်များအသင်း (MBE) အနေဖြင့် Earthquake Response and Assistance Program အစီအစဉ်များကို ဆက်လက် ဆောင်ရွက်လျက်ရှိရာ ငလျင်ဒဏ်ခံ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မင်္ဂလာရန်ကင်းပြည်သူ့အငှားအိမ်ရာနေ အိမ်ထောင်စု (၂၀၀) အတွက် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကုလားပဲ၊ ဆား၊ ငါးပိ၊ ငါးခြောက်‌ကြော်၊ ငံပြာရည်ကြော်၊ ဟင်းခတ် ရသာမှုန့်၊ သောက်ရေသန့်၊ Emergency Solar Light တို့ပါဝင်သည့် Basic Necessities Household Packs များကို (၃၁.၅.၂၀၂၅) ရက်၌ အိမ်ရာကော်မတီကတဆင့် မှတ်တမ်းစာရင်းနှင့်တကွ စနစ်တကျ မျှဝေ လှူဒါန်းခဲ့ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
MBE အသင်းအနေဖြင့် ငလျင်ဒဏ်ခံ အဆိုပါ အိမ်ရာအတွက် ကနဦး Earthquake Relief Activities များ အကူအညီများ ပေးအပ်ခဲ့သည့်အပြင် လက်ရှိကာလတွင် နေထိုင်ခွင့် ရပ်ဆိုင်းထားသော ပျက်စီးတိုက်များမှ အိမ်ရာနေ အိမ်ထောင်စုများ ယာယီနေထိုင်ရန် (၈၀’ x ၂၄’) အကျယ်အဝန်းရှိ Temporary Tent (၂) လုံး (တန်ဖိုးအားဖြင့် ကျပ်သိန်း – ၂၀၀) ကိုလည်း ပံ့ပိုး လှူဒါန်းထားပါကြောင်း ဖော်ပြအပ်ပါသည်။