မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) နှင့် STI Myanmar College တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခြင်းကို ယနေ့ (၂၇-၉-၂၀၂၅) ရက်နေ့ နံနက်ပိုင်း၌ Novotel Hotel Yangon ၌ ဆောင်ရွက်ခဲ့ရာ MBE အသင်း ကိုယ်စား ဒုတိယဥက္ကဋ္ဌ (၁) ဦးဇော်မင်းသန့် နှင့် အထွေထွေ အတွင်းရေးမှူး ဦးသိန်းဦး တို့က လက်မှတ် ရေးထိုးခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားကို MBE အလုပ်အမှုဆောင်များ၊ MBE အသင်းဝင်များ တက်ရောက်ခဲ့ကြပြီး “Collaboration for Impact: How Engineers, Computer Scientists, and Entrepreneurs Solve Global Challenges: Panel Discussion” တွင် MBE အသင်း အကြံပေးအဖွဲ့ဝင် ဒေါ်လင်းလင်းတင်ထွန်း နှင့် အလုပ်အမှုဆောင် ဦးစည်သူအောင် တို့က Panelists များ အဖြစ် ပါဝင် ဆွေးနွေး ဆောင်ရွက်ခဲ့ကြပါသည်။
MBE အသင်း နှင့် STI Myanmar College တို့အနေဖြင့် Business Capacity Development Programs ၊ Joint Teaching Activities ၊ Visit by Exchanges of Scalars, Teachers & Resource Persons ၊ Organizing Business Plan Contests, Matchings, Seminars, Networking Sessions ၊ SME Programs & RBD Programs ၊ CSR Activities စသည့် ကဏ္ဍများတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
#MBE_MoU Collaboration with STI Myanmar College (27.9.2025)











