မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ၏ (၂၀၂၅-၂၀၂၇) သက်တမ်း အလုပ်အမှုဆောင်အဖွဲ့ကို အသင်း စီမံခန့်ခွဲမှု အဖွဲ့ဝင် (၁၃) ဦး၊ လုပ်ငန်း ကော်မတီ (၅) ရပ် တို့ ပါဝင်ပြီး အလုပ်အမှုဆောင် စုစုပေါင်း (၄၁) ဦးဖြင့် ရာထူးတာဝန် အသီးသီး ရွေးချယ် တင်မြှောက် အပ်နှင်း ဖွဲ့စည်းခဲ့ပါသည်။
အဆိုပါ လုပ်ငန်းကော်မတီ (၅) ရပ် ဖွဲ့စည်းခြင်း နှင့် ကော်မတီ ရာထူးတာဝန်များ ရွေးချယ် အပ်နှင်းခြင်းကို (၃၀-၁၀-၂၀၂၅) ရက်နေ့က ဆောင်ရွက်ခဲ့ကြပြီး (၂၀၂၅-၂၀၂၇) လုပ်ငန်း ကော်မတီ (၅) ရပ်၏ Committee Chairperson နှင့် Committee Co-Chairperson အသီးသီးတို့က သက်တမ်း တဝက်စီ အလှည့်ကျဖြင့် သက်ဆိုင်ရာ ကော်မတီ လုပ်ငန်းများကို ဦးဆောင်မှု ပြုလုပ်သွားမည် ဖြစ်ပါသည်။
MBE အသင်း၏ (၂၀၂၅-၂၀၂၇) သက်တမ်း အလုပ်အမှုဆောင်အဖွဲ့သစ် အနေဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလက စတင်ပြီး တာဝန် ထမ်းဆောင်သွားမည် ဖြစ်ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။







