Member Birthday Meeting

MBE Member များအားလုံး
မင်္ဂလာပါ

ကျွန်တော်တို့ MBE အသင်းရဲ့ နှစ်လတစ်ကြိမ် ကျင်းပနေကျ “May & June” Member Birthday Dinner လေးကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါကြောင်း ကြိုတင် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် ။ 20.6.2019 (Thursday)
အချိန် ။ ညနေ (6:00) PM
နေရာ ။ “Vista Bar” ဒုတိယထပ်
ရေတာရှည်လမ်းဟောင်းနှင့် အနောက်ရွှေဂုံတိုင်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ ။

ယခု ကျင်းပမည့် MBE Member Birthday Dinner တွင် “May & June” born Birthday Member (24) ဦးအတွက် မွေးနေ့ကိတ်ခွဲခြင်း၊ EC အဖွဲ့မှ နှစ်လတာအတွင်း ဆောင်ရွက်မှုများအား အနှစ်ချုပ်တင်ပြခြင်း၊ အသင်းဝင်အသစ်များအား နွေးထွေးစွာကြိုဆိုခြင်း၊ အသင်းဝင်များအချင်းချင်း ခင်မင်ရင်းနှီးစွာ မိတ်ဆက်တွေ့ဆုံခြင်း၊ ကာရာအိုကေသီချင်း သီဆိုခြင်း၊ ညစာဖြင့်တည်ခင်း ဧည့်ခံခြင်း၊ စသည့် အစီအစဉ်များ ပါဝင်မည် ဖြစ်ရာ တက်ရောက်ပါဝင် ဆင်နွှဲပေးပါရန် ကြိုတင် အသိပေး ဖိတ်ကြားအပ်ပါသည်။

တက်ရောက်မည့် လူစာရင်းအား ကြိုတင်သိရှိ ပြင်ဆင်နိုင်ရန်အတွက် MBE ရုံးအဖွဲ့မှ ဖုန်းဖြင့် မကြာမီ Confirmation ပြုလုပ်မည် ဖြစ်ပြီး ကြိုတင် စာရင်းပေးသွင်း ပေးပါရန်လည်း တိုက်တွန်းအပ်ပါသည်။

Cheers All !!!

Best Regards,
Thein Oo
Member Affairs Committee Chair
MBE Association

Date

20 Jun 2019
Expired!

Time

6:00 PM - 9:00 PM

MBE Office

No(602), 5th Floor, Building 16, MICT Park,
Hlaing Township,
Yangon, Myanmar.
Tel: +95 (0)9 420069902

Business Capacity Building Centre

No(602), 5th Floor, Building 16, MICT Park,
Hlaing Township,
Yangon, Myanmar.
Tel: 09420516165, 09795834038, 09763173570
Webpage: BCB Centre
© 2015-2024 Myanmar Business Executives Association (MBE). All Rights Reserved.