Certificate in Micro Finance

Certificate in Micro Finance (Basic Course)

ဘယ်သူတွေတက်သင့်တဲ့သင်တန်းလဲ?

Micro Finance Basic Course သည် Micro Finance လုပ်ငန်းတွင်လုပ်ကိုင်နေသူများ၊ Micro Finance လုပ်ငန်းတည်ထောင်ရန် ရည်ရွည်နေသူများ နှင့် Micro Finance Law အကြောင်းတို့ အခြေခံမှစတင်၍ သိရှိလိုသူများအတွက်ရည်ရွယ်ဖွင့်လှစ်သော သင်တန်းဖြစ်ပြီး လက်ရှိMicro Finance လုပ်ငန်းများတွင် ဝင်ရောက်လုပ်လုပ်ကိုင်နေပြီး Micro Finance လုပ်ငန်းအတွေ့အကြုံ နှစ်ပေါင်းများစွာရှိသော ဆရာဆရာမများမှ စာတွေ့ လက်တွေ့သင်ကြားမှုပုံစံများဖြင့်သင်ကြားပို့ချသွားမည့်သင်တန်းဖြစ်ပါသည်။

ဘာတွေသင်မှာလဲ?

Micro Finance Basic Course မှာသင်ကြားမည့်ဘာသာရပ်တွေကတော့

  • Concept of Microfinance
  • Management and Supervision
  • Financial Reporting
  • Running MF Operations

စတဲ့ဘာသာရပ်တွေကို စာတွေ့ လက်တွေ့ပုံစံများဖြင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်

ဘယ်အချိန်တွေသင်မှာလဲ?

ရုံးတက်နေသူများအတွက်ပါ အထူးအဆင်ပြေစေဖို့ရည်ရွယ်ပြီး

သင်တန်းချိန်တွေအားလုံးကို မနက် (၉း၀၀) နာရီမှ နေ့လည် (၁၂း၀၀) နာရီ အထိ

အပတ်စဉ် စနေ၊ တနင်္ဂနွေ နေ့များတွင်သာသင်ကြားပေးသွားမှာဖြစ်ပါတယ်

သင်တန်းကြေးကဘယ်လောက်လဲ?

Career Enhancement Program ဆိုတာ Myanmar Business Executive Association (MBE) နှင့် Foundation for INcome generating, EDUcational and COmmunity Developing Projects (INEDUCO), Switzerland တို့ပူးပေါင်းဖွင့်လှစ်တဲ့ KV Zurich Business School, Switzerland အသိအမှတ်ပြု Certificate သင်တန်းများဖြစ်တာကြောင့် သင်တန်းမှတ်ပုံတင်ကြေး (40,000) ကျပ်မှ အပအခြား မည်သည့် အခကြေးငွေမျှ ပေးသွင်းရန် မလိုပဲတက်ရောက်နိုင်တဲ့သင်တန်းများဖြစ်ပါတယ်။

သင်တန်းတက်ရောက်ခွင့်အသေးစိတ်အချက်အလက်များကိုဖော်ပြပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်

Career Enhancement Program