Certificate in Financial Accounting

Certificate in Financial Accounting (Basic Course)

ဘယ်သူတွေတက်သင့်တဲ့သင်တန်းလဲ?

Financial Accounting Basic Course မှာ Financial Accounting နဲ့သက်ဆိုင်တဲ့ဘာသာရပ်တွေကို အခြေခံမှစပြီးလေ့လာလိုသူများ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေကြသူများ၊ ကုမ္ပဏီများ၊ ဘဏ်များ နှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO) ၏ စာရင်းပိုင်းဆိုင်ရာဌာနများတွင် တွင်ဝင်ရောက်လုပ်ကိုင်လိုသူများ နှင့် Financial Accounting ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ စာတွေ့လက်တွေ့ လေ့လာတတ်မြောက်လိုသူများအတွက် အထူးရည်ရွယ်ဖွင့်လှစ်သောသင်တန်းဖြစ်ပါတယ်

ဘာတွေသင်မှာလဲ?

Financial Accounting Basic Course မှာသင်ကြားမည့်ဘာသာရပ်တွေကတော့

  • Financial Accounting
  • Office Administration
  • Budgeting
  • Financial Reporting
  • Taxation

စတဲ့ဘာသာရပ်တွေကို စာတွေ့ လက်တွေ့ပုံစံများဖြင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်

ဘယ်အချိန်တွေသင်မှာလဲ?

ရုံးတက်နေသူများအတွက် အထူးအဆင်ပြေစေဖို့ရည်ရွယ်ပြီး

သင်တန်းချိန်တွေအားလုံးကို မနက် (၉း၀၀) နာရီမှ နေ့လည် (၁၂း၀၀) နာရီ အထိ

အပတ်စဉ် စနေ၊ တနင်္ဂနွေ နေ့များတွင်သာသင်ကြားပေးမည့်သင်တန်းဖြစ်ပါတယ်

သင်တန်းကြေးကဘယ်လောက်လဲ?

Career Enhancement Program ဆိုတာ Myanmar Business Executive Association (MBE) နှင့် Foundation for INcome generating, EDUcational and COmmunity Developing Projects (INEDUCO), Switzerland တို့ပူးပေါင်းဖွင့်လှစ်တဲ့ KV Zurich Business School, Switzerland အသိအမှတ်ပြု Certificate သင်တန်းများဖြစ်တာကြောင့် သင်တန်းမှတ်ပုံတင်ကြေး (40,000) ကျပ်မှ အပအခြား မည်သည့် အခကြေးငွေမျှ ပေးသွင်းရန် မလိုပဲတက်ရောက်နိုင်တဲ့သင်တန်းများဖြစ်ပါတယ်။

သင်တန်းတက်ရောက်ခွင့်အသေးစိတ်အချက်အလက်များကိုဖော်ပြပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်

Career Enhancement Program