BCB Certificate Courses

မိမိ၏စီးပွားရေးလုပ်ငန်းကို နည်းစနစ်ကျသော စီမံခန့်ခွဲမှု နည်းလမ်းများဖြင့် အောင်မြင်စွာ ဆောင်ရွက်လို ပါသလား။ ထူးချွန် ထက်မြက်သည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်လိုပါသလား။ မိမိနှင့် မိမိအဖွဲ့အစည်း၏ စွမ်းဆောင်ရည်အဆင့် မြင့်မားတိုးတက်လာအောင် မြှင့်တင်နိုင်စေရန် နှင့် လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်စေရန် နိုင်ငံတကာ အတွေ့အကြုံရှိသော လက်တွေ့လုပ်ငန်းခွင်တွင် အောင်မြင်နေသည့် MBA ဘွဲ့ရ ဆရာ၊ ဆရာမများမှ စီးပွားရေး စီမံခန့်ခွဲမှု သဘောတရားများကို မိမိတို့၏ လုပ်ငန်း အတွေ့အကြုံများနှင့် ပေါင်းစပ်လျက် ကျွမ်းကျင်ပိုင်နိုင်စွာ စီမံခန့်ခွဲနိုင်သည်အထိ တစ်ဦးချင်း တင်ပြခြင်း၊ အုပ်စုလိုက် ဆွေးနွေးခြင်းနှင့် လုပ်ငန်းခွင် သင်ကြားမှုပုံစံ မျိုးဖြင့် စာတွေ့လက်တွေ့ ထိရောက်စွာ သင်ကြားပို့ချပေးလျှက် ရှိပါသည်။

Business Management Module (I)

MBA ဘွဲ့ရ စီးပွားရေးလုပ်ငန်းရှင်များ ဖွဲ့စည်းထားသည့် မြန်မာစီးပွားစီမံအမှုဆောင်များအသင်း Myanmar Business Executives Association (MBE) က တည်ထောင်ထားသော စီးပွားရေးစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းကျောင်း Business Capacity Building (BCB) Centreတွင် စီးပွားရေးစီမံခန့်ခွဲမှု သင်တန်းအပိုင်း(၁) Business Management Module (I) သင်တန်းကို ဖွင့်လှစ်မည် ဖြစ်ပါသည်။ သင်တန်းတွင် သင်ကြားပို့ချပေးမည့်ဘာသာရပ်လေးခုမှာ…

  • General Management
    စီမံခန့်ခွဲမှုဧ။် အခြေခံမူများကို ပိုင်ပိုင်နိုင်နိုင်သိရှိနိုင်စေရန်။
  • Accounting Knowledge for Manager
    စာရင်းဇယားများကို ကျွမ်းကျင်ပိုင်နိုင်စွာ နားလည်စေရန်။
  • Sales and Marketing Management
    မိမိထုတ်ကုန်ကို ဈေးကွက်ခိုင်ခိုင်မာမာ ဖော်ဆောင်နိုင်စေရန်။

  • Human Resource Management

    လူ့စွမ်းအား အရင်းအမြစ်ကို ထိထိရောက်ရောက် အသုံးချနိုင်စေရန်။

သင်တန်းအချိန် : မွန်းလွဲ ၁:၃၀ နာရီ မှ ၄:၃၀ နာရီ
သင်တန်းရက် : စနေ ၊ တနင်္ဂနွေ
သင်တန်းကာလ : (၆) ပတ်

Business Management Module (III)

  • Business Communication Skills and Presentation Skills
    အဖွဲ့အစည်းအတွင်းအပြင် ဆက်သွယ်ရေးကို ပီပြင်စွာ လုပ်ဆောင်နိုင်စေရန်။
  • Industrial Management
    ကုန်ထုတ်လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်စွာ စီမံခန့်ခွဲနိုင်စေရန်။

  • International Business Management
    နိုင်ငံတကာနှင့် ဆက်စပ်လုပ်ကိုင် နိုင်စေရန်။
  • Economics
    စီးပွားရေးပညာကို အခြေခံမှစ၍ ကျွမ်းကျင်ပိုင်နိုင်စေရန်။

သင်တန်းအချိန် : မွန်းလွဲ ၁:၃၀ နာရီ မှ ၄:၃၀ နာရီ
သင်တန်းရက် : စနေ ၊ တနင်္ဂနွေ
သင်တန်းကာလ : (၆) ပတ်

သင်ကြားပို့ချရာတွင် Assignments ပေးခြင်း၊ ဘာသာရပ်ဆိုင်ရာ Discussion ပြုလုပ်ခြင်း၊ Marketing Plan နှင့် Business Plan များကို နားလည်သဘောပေါက်စေရန် စနစ်တကျ သင်ကြားပေးပြီး Group အလိုက် Presentation ပြုလုပ်စေခြင်းတို့ ပါဝင်ပါသည်။

သင်ကြားမှုတွင်လည်း ဘာသာရပ်ဆိုင်ရာနယ်ပယ်များကို အတွေ့အကြုံရှိသည့် ဝါရင့်ဆရာ/မများနှင့် အောင်မြင်သော လုပ်ငန်းရှင် ကြီးများက စနစ်တကျ သင်ကြားပေးမှုနှင့်အတူ လုပ်ငန်းအတွေ့အကြုံကို ဆွေးနွေးဖလှယ်ခြင်း၊ လုပ်ငန်းခွင်အခက်ခဲများအား ဝိုင်းဝန်းကူညီ ဖြေရှင်းပေးခြင်းတို့ ပါဝင်ပါသည်။ ထို့အပြင် သင်တန်းတက်ရောက်နေစဉ်နှင့် သင်တန်းတက်ရောက်ပြီးသူများအတွက် လုပ်ငန်းခွင်ဝင်ရောက် နိုင်ရန်နှင့် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်လိုသူများ လိုအပ်သော အကူအညီများကို အခမဲ့ကူညီပေးသွားပါမည်။ သင်တန်းကာလတွင်း သင်ကြား ရမည့် ဘာသာရပ်များနှင့် သက်ဆိုင်သော သင်တန်းသားများလေ့လာ ရန်လိုအပ်သည့် Reference စာအုပ်များကို library တွင်ထားရှိမည် ဖြစ်ပါသည်။

သင်တန်းကာလမှာ (၆ပတ်) ကြာမြင့်မည့်ဖြစ်ပြီး သင်တန်းချိန်ကို နေ့လည်(၁:၃၀) မှ ညနေ (၄:၃၀)နာရီထိလည်းကောင်း၊ ညနေ (၅:ဝ၀) မှ (၈:ဝ၀) နာရီထိလည်းကောင်း စနေ နှင့်တနင်္ဂနွေများတွင် စီစဉ်ထားပါသည်။ သင်ကြားမှု ထိရောက်စေရန် သင်တန်းသားဦးရေကို ကန့်သတ်ထားပါသည်။

အသေးစိတ် သိရှိလိုပါက ဖုန်း- ၀၉ ၄၂၀၅၁၆၁၆၅ ၊ ၀၉ ၇၉၅၈၃၄၀၃၈ ၊ ၀၉ ၇၆၃၁၇၃၅၇၀ သို့ဆက်သွယ် စုံစမ်းနိင်ပါသည်။
Email bcbcentre [email protected]
Wesite : www.bcbcentre.net

Human Resource Management

MBA ဘွဲ့ရ စီးပွားရေးလုပ်ငန်းရှင်များ ဖွဲ့စည်းထားသည့် မြန်မာစီးပွားစီမံအမှုဆောင်များအသင်း Myanmar Business Executives Association (MBE) က တည်ထောင်ထားသော စီးပွားရေးစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းကျောင်း Business Capacity Building (BCB) Centre တွင် စီးပွားရေး လုပ်ငန်းများနှင့် အသင်းအဖွဲ့များ၏ အရေးအကြီးဆုံး အရင်းအမြစ် တစ်ခုဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု သင်တန်းကို သင်ကြားပို့ချ ပေးနေပါသည်။ အဆိုပါသင်တန်းတွင် Human Resource Management ၏ ခက်မသုံးဖြာဖြစ်သည့်

  • Attracting an Effective Workforce
    အရည်အချင်း ပြည့်ဝသော ဝန်ထမ်းများကို ဆွဲဆောင်ခြင်း
  • Development an Effective Workforce
    ၀န်ထမ်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း
  • Maintaining an Effective Workforce
    ၀န်ထမ်းများကို လုပ်ငန်းခွင်မှ စွန့်ခွာမသွားအောင် စည်းရုံးထိန်းသိမ်းခြင်း

    • Recruitment and Selection
      ဝေဖန်စုဆောင်း ရွေးချယ်ခြင်း။
    • Training and Development

      လေ့ကျင့်သင်ကြားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု

    • Compensation and Benefits

      လုပ်ခလစာနှင့် အကျိုးခံစားခွင့်

တို့ကို အခြေခံမှစ၍ နားလည်စေပြီး Recruitment and Selection, Training and Development, Performance Appraisal, Compensation and Benefits စသည့် ကဏ္ဍများကို ကျွမ်းကျင်ပိုင်နိုင်စွာ စီမံခန့်ခွဲနိုင်သည်အထိ သင်ကြားပို့ချပေးလျှက် ရှိပါသည်။

သင်တန်းအချိန် : မွန်းလွဲ ၁:၃၀ နာရီ မှ ၄:၃၀ နာရီ
သင်တန်းရက် : စနေ ၊ တနင်္ဂနွေ
သင်တန်းကာလ : (၅) ပတ်

သင်တန်းကာလအတွင်း သင်တန်းသားများ လေ့လာရန်လိုအပ်သော Reference စာအုပ်များကို Mini Library တွင် ထားရှိပေးမည် ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက ဖုန်း- ၀၉ ၄၂၀၅၁၆၁၆၅ ၊ ၀၉ ၇၉၅၈၃၄၀၃၈ ၊ ၀၉ ၇၆၃၁၇၃၅၇၀ သို့ဆက်သွယ် စုံစမ်းနိင်ပါသည်။

Website : www.bcbcentre.net , Email : [email protected]

Sales and Marketing Management

MBA ဘွဲ့ရ စီးပွားရေးလုပ်ငန်းရှင်များ ဖွဲ့စည်းထားသည့် မြန်မာစီးပွားစီမံအမှုဆောင်များအသင်း Myanmar Business Executives Association (MBE) က တည်ထောင်ထားသော စီးပွားရေးစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းကျောင်း Business Capacity Building (BCB) Centre တွင် မြန်မာနိုင်ငံ၏ Sales and Marketing လောကတွင် ဈေးကွက်ဖော်ဆောင်နေသူများအတွက် မျက်မှောက်ခေတ် Competitive Marketing ကို ထိရောက်စွာ ထိုးဖောက် ဆောင်ရွက်နိုင်ရန် အောက်ပါ ဘာသာရပ်များဖြင့် သင်ကြားပို့ချပေးလျှက် ရှိပါသည်။

  • Principles of Sales & Sales Visit
    အရောင်းနှင့် အရောင်းစီမံခန့်ခွဲမှုအခြေခံမှုများ

  • Sales Process
    အရောင်း၏လုပ်ငန်းစဉ်အဆင့်ဆင့်

  • Consumer Behavior & Customer’s Analysis
    ဈေးကွက်အနေအထားနှင့် စားသုံးသူများ အပေါ်ဆန်းစစ်ချက်
  • Marketing Strategy and Marketing Plan
    ဈေးကွက်ထိုးဖောက်မှုနှင့် ဈေးကွက်စီမံခန့်ခွဲမှု

  • Advertising and Promotion Management
    နည်းဗျူဟာမြောက်ကြော်ငြာမှုနှင့် အရာင်းမြှင့်တင်ရေး

    • Brand Building
    • Brand Positing
    • Customer Relation Management

သင်တန်းအချိန် : မွန်းလွဲ ၁:၃၀ နာရီ မှ ၄:၃၀ နာရီ
သင်တန်းရက် : စနေ ၊ တနင်္ဂနွေ
သင်တန်းကာလ : (၅) ပတ်

သင်တန်းကာလအတွင်း သင်တန်းသားများ လေ့လာရန်လိုအပ်သော Reference စာအုပ်များကို Mini Library တွင် ထားရှိပေးမည် ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက ဖုန်း- ၀၉ ၄၂၀၅၁၆၁၆၅ ၊ ၀၉ ၇၉၅၈၃၄၀၃၈ ၊ ၀၉ ၇၆၃၁၇၃၅၇၀ သို့ဆက်သွယ် စုံစမ်းနိင်ပါသည်။
Website: www.bcbcentre.net , Email: [email protected]